Difference between HTTP and HTTPS
Difference between HTTP and HTTPS
HTTP (Hypertext Transfer Protocol)
HTTPဟာ Client to Serverကို Communicateလုပ်ပေးတဲ့ Set of rulesတစ်ခုပါပဲ။ ဥပမာ - Clientက Websiteတစ်ခုကို Visitလုပ်လိုက်ပြီဆိုရင် Browserကနေ Serverကို Http request sentလုပ်ပါတယ်။ Clientဘက်က Httpအနေနဲ့ပဲ Requestလုပ်လိုက်တာဖြစ်တဲ့အတွက် Serverဘက်ကလည်း Httpအနေနဲ့ပဲ responseပြန်ပေးပါတယ်။ ဆိုတော့ Browser to Serverကြားက exchanged လုပ်လိုက်တဲ့ dataဟာ plain textဖြစ်နေတဲ့အတွက်ကြောင့် Attackersတွေက အလွယ်တကူ Interceptလုပ်နိုင်ပါတယ်။ ဒါကြောင့် Httpဟာ Secureမဖြစ်ဘူးလို့ ဆိုနိုင်ပါတယ်။
HTTPS (Hypertext Transfer Protocol Secure)
HTTPရဲ့ extensionတစ်ခုပါပဲ။ Httpsဟာ Browser to Serverကြားက Request Response လုပ်လိုက်တဲ့ Dataတွေကို Transport Layer Security(TLS) and Secure Sockets Layer(SSL) Certificationsတွေကိုသုံးပြီး encryptလုပ်တဲ့အတွက်ကြောင့် Secureဖြစ်ပါတယ်။
Summary
Summaryအနေနဲ့ Httpsကို Sensitive informationတွေကို Handleလုပ်နိုင်ဖို့အဓိကသုံးကြပါတယ်။ နောက်တစ်ခုက Httpဟာ Secureမဖြစ်တဲ့အတွက် Attackersတွေက အလွယ်တကူ Interceptလုပ်နိုင်ပြီး Paymentဆိုင်ရာ Transfer dataတွေကို အလွယ်တကူ Readလုပ်နိုင်ပြီး Httpsမှာတော့ encryptionလုပ်တဲ့အတွက် အလွယ်တကူ Readမလုပ်နိုင်ပါဘူး။
Comparison Table
| Feature | HTTP | HTTPS |
|---|---|---|
| Security | Not encrypted | Encrypted (TLS/SSL) |
| Port | 80 | 443 |
| Data Protection | Vulnerable to attacks | Safe from interception |
| SEO & Trust | Lower | Higher (recommended by Google) |